ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာ အမေရိကန်‌‌ဒေါ်လာ ၁၂၇ သန်းကျဆင်း

Powered by Drupal

   ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP) ၏ နိုင်ငံခြားငွေအရန်ငွေမှာ ဧပြီ ၁၇ ရက်၌ အမေရိကန်ဒေါ်လာ ၁၂၇ သန်းလျှော့ကျသွားကြောင်း ဗဟိုဘဏ်က ဧပြီလ ၁၇ ရက်နေ့ (ကြာသာပတေးနေ့) က ထုတ်ပြန်ခဲ့သည်။ ဧပြီလ  ၁၁ ရက်နေ့ ကုန်ဆုံးသည့် ရက်သတ္တပတ် အတွင်းတွင် ဘဏ်၏ စုစုပေါင်း နိုင်ငံခြားအရန်ငွေမှာ ‌ဒေါ်လာ ၁၀.၅၇ ဘီလီယံဒေါ်လာခန့်ရှိ ကြောင်း SBP ၏ အဆိုအရသိရသည်။

     ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ချုပ်ကိုင်ထားသော အသားတင်နိုင်ငံခြားအရန် ငွေ သည်‌ ‌ဒေါ်လာ ၅.၀၉ ဘီလီယံခန့်ရှိသည်။ ‌တောင်အာရှနိုင်ငံမှ ပိုင်ဆိုင်သည့် နိုင်ငံခြားအရန်ငွေ စုစုပေါင်းသည် ‌‌‌ဒေါ်လာ ၁၅.၆၆ ဘီလီယံခန့်ရှိသည်။

DOCA(ရန်ကုန်)