ငရုတ်သီးမှုန့်နှင့် ဟင်းမွှေးမဆလာလုပ်ငန်းရှင်အား တွေဆုံဆွေးနွေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ခရိုင်ဦးစီးမှူး  ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ၊ ပုဒ်မ(၄၁) ၊ ပုဒ်မ(၄၃) ပြဌာန်းချက်များအား သိရှိလိုက်နာပြီး မိမိတို့ ထုတ်လုပ်ထုပ်ပိုးသော ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြစေရေးအတွက် (၇-၇-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် ၊ အကွက် (၁၆)ရှိ ငရုတ်သီးခြောက်မှုန့်နှင့် ဟင်းမွှေးမဆလာအား ကုန်ကြမ်းအဆင့်မှ ကုန်ချောအထိ အဆင့်မြှင့် စက်ယူနစ်များဖြင့် စမ်းသပ်ကြိတ်ခွဲထုတ်လုပ်ကာ “အိုးသူကြီး” တံဆိပ်အမှတ်အသားဖြင့် ဖြန့်ချီရောင်းချဆဲဖြစ်သော ဟင်းမွှေးမဆလာနှင့် ဆက်လက်ကြိတ်ခွဲထုတ်လုပ်ပြီး “အိုးသူကြီး” တံဆိပ် အမှတ်အသားဖြင့် ငရုတ်သီးအကြမ်းမှုန့်၊ အနုမှုန့် ၊ အလှော်မှုန့်များအား ထုပ်ပိုးဖြန့်ချီရောင်းချမည့် လုပ်ငန်းရှင်ဦးမြတ်ကျော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

                 လုပ်ငန်းရှင်ဦးမြတ်ကျော်မှာ ယခုအချိန်တွင် ဟင်းမွှေးမဆလာကိုသာ စမ်းသပ်ကြိတ်ခွဲ ထုတ်လုပ်ဖြန့်ချီဆဲဖြစ်ရာ ငရုတ်သီးခြောက်ကို ရန်ကုန်နှင့်မိမိဒေသမှ ဝယ်ယူကာ စက်ယူနစ်များဖြင့် ရေဆေးကြောသန့်စင်ကာ မိုးလုံနေရောင်ခြည်သုံးအခြောက်ခံစနစ်ဖြင့် မှိုမတက်စေရေး နေလှန်းဆဲ ဖြစ်ပြီး ဆက်လက်ကြိတ်ခွဲထုတ်လုပ်ထုပ်ပိုးဖြန့်ချီရောင်းချမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် “အိုးသူကြီး” တံဆိပ်အမှတ်အသားဖြင့် ပုံနှိပ်ထားရှိပြီးဖြစ်ကြောင်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးမှ “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်က” ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပုဒ်မ(၄၁)ပါ ကုန်စည်၏တံဆိပ်အမှတ်အသား (Trademark/Logo)နှင့် ကုန်စည် အမျိုးအမည်၊ အသားတင်အလေးချိန်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် / သက်တမ်းကုန်ဆုံးမည့်ရက်စွဲ ၊ ထုတ်လုပ်မှုအမှတ်စဉ် ၊ ပြည်တွင်း/ ပြည်ပမှ တင်သွင်း၊ ထုတ်လုပ်သူ အမည်/လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်း/ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းအမျိုးအမည် ၊ ပါဝင်သောပမာဏအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး/ဓါတ် မတည့်ကြောင်းဖော်ပြချက်/ကြိုတင်သတိပေးချက် ၊ သက်ဆိုင်ရာအစိုးရ ဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်များဖော်ပြပါရှိစေရေး ချပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါ သည်။

               ၎င်းအနေဖြင့် ပုံနှိပ်ထားသော “အိုးသူကြိး” အမှတ်တံဆိပ် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိပါက နမူနာပုံစံနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားကာ ရုံးချုပ်မှ အတည်ပြုချက်ရရှိရေး ဆောင်ရွက်ရန် အသိပေးဆွေးနွေးပြီး ကုန်စည်တံဆိပ်အမှတ်အသား မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍   သိရှိစေရေး ၊  မူပိုင်ခွင့် ဦးစီးဌာနမှ ပေးပို့သော ကုန်အမှတ်တံဆိပ်   မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာစာအုပ်များနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကာ ကုန်ကြမ်းမှ ကုန်ချောထိ စားသုံးကုန် လုံခြုံဘေးကင်းထုတ်လုပ်မှုလုပ်ငန်းစဉ် (Food Safety Product Process) တစ်ခုလုံး၏ စက်ယူနစ် များအား လေ့လာ၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ ဆောင်ရွက်ရန်လိုအပ်ချက်များအား ချပြဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)