လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်မဲ့ဆိပ်ကမ်းများ တည်ထောင်ရန် ဗီယက်နမ်ကြိုးပမ်း

Powered by Drupal

     စီးပွားရေးကြီးထွားမှုလှုံ့ဆော်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ခေတ်တွင် ထိပ်တန်းထောက်ပံ့ပို့ဆောင်ရေးအခြေစိုက်အဖြစ်ဗီယက်နမ်၏တည်ရှိမှုအားကောင်းစေရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အဓိကစီးပွားရေးဒေသများတွင် လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များနှင့် အကောက်ခွန်မဲ့ဆိပ်ကမ်းများတည်ထောင်ရန် ဝန်ကြီးချုပ် Pham Minh Chinh ကတောင်းဆိုခဲ့ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် ယခုနှစ်တွင် နိုင်ငံတော်စီးပွားရေးကြီးထွားမှုအရှိန်မြှင့်တင်ရန် ရည်ရွယ်သည့် ဗျူဟာမြောက်စီမံချက်ဖြစ်သည့် ညွှန်ကြားချက် ၄၇ ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ လွတ်လပ်သော ကုန်သွယ် ရေးဇုန်များနှင့် အကောက်ခွန်မဲ့ဆိပ်ကမ်းများတည်ထောင်ခြင်းသည် ဗီယက်နမ်၏ ကမ္ဘာလုံး ဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းအထူးသဖြင့် ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကို အရှိန် မြှင့်တင်ရန် မဟာဗျူဟာမြောက်ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း သိရပါသည်။ ကုန်စည် ဖြန့်ဖြူးမှုမြှင့်တင်ခြင်းအားဖြင့် ထိုကနဦးဆောင်ရွက်မှုများသည် နိုင်ငံတကာဈေးကွက်များတွင် နိုင်ငံ၏ တည်ရှိမှုအားကောင်းစေရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဆောက်လုပ်ရေးဝန်ကြီး Tran Hong Minh နှင့် လတ်တလောဆွေးနွေးမှုများအတွင်း Dong Nai ပြည်နယ် ပြည်သူ့ ကော်မတီ ဥက္ကဌ Vo Tan Duc က Long Thanh နိုင်ငံတကာလေဆိပ်နှင့် Phuoc An ဆိပ်ကမ်း အနီးတွင် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရပါ သည်။ ဝန်ကြီးချုပ်က တင်ပြခဲ့သည့် ထိုအဆိုပြုချက်သည် စီးပွားရေးကြီးထွားရန်၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန်နှင့် Long Thanh အား အဓိကဒေသတွင်း ကုန်သွယ်ရေးနှင့် ဝန်‌ဆောင်မှု အချက်အချာအဖြစ်ရန်အတွက်ဒေသ၏ ဗျူဟာမြောက်တည်နေရာကို ခြေကုပ်ယူရန်ရည်ရွယ် ကြောင်း သိရပါသည်။ ထိုစီမံကိန်း သည် ယခုနှစ်တွင် ပြည်နယ်အား GDP ကြီးထွားရန် မျှော်မှန်း ရကြောင်းသိရပါသည်။ တစ်ချိန် တည်းမှာပင် ဗဟိုဆိပ်ကမ်းမြို့တော်ဖြစ်သည့် Da Nang သည် Vingroup နှင့် အသစ်လက်မှတ် ရေးထိုးထားသည့် MoU မှတစ်ဆင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို အဆင့်မြှင့်တင်လျှက်ရှိကြောင်း သိရပါသည်။ ၂၀၂၅-၂၀၃၀ ကာလအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုကို ရည်ရွယ်သည့်ထိုသဘောတူညီချက်တွင် လွတ်လပ်သောကုန်သွယ်ရေးဇုန်နှင့် ဘဏ္ဍာရေးစင်တာ တည်ထောင်ရန်အစီအစဉ်များ ပါဝင်ကြောင်း သိရပါသည်။

Ref.. Vietnam Plus

DOCA(ရန်ကုန်)