လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်မဲ့ဆိပ်ကမ်းများ ရရှိရန်တွန်းအားပေးနေသည့် ဗီယက်နမ်နိုင်ငံ

Powered by Drupal

     ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh သည် အဓိကစီးပွားရေးနယ်များတွင် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ တည်ထောင်ရန်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြိုင်ဆိုင်မှုများတွင် အရှိန်အဟုန်မြှင့်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အကောက်ခွန်မဲ့ဆိပ်ကမ်းများအား လေ့လာရှာဖွေခြင်းများ ပြုလုပ်ရန် ပြောကြားခဲ့ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော Vietnam News Agency သတင်းဌာန၏ ထုတ်ပြန်ချက်အရ  သိရပါသည်။

    ကနဦးရည်ရွယ်ချက်သည် ကုန်ပစ္စည်းဖြန့်ဝေခြင်းကို တိုးတက်စေရန်နှင့် ကမ္ဘာ့စျေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ ရပ်တည်ချက်အား ပိုမိုသန်မာလာစေရန် ဖြစ်ကြောင်း သိရပါသည်။ ၎င်းတွန်းအားပေးမှုသည် ဒစ်ဂျစ်တယ်ခေတ်တွင် ဖိလစ်ပိုင်နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ဦးဆောင် ရပ်တည်နိုင်စေရန် ဖြစ်ပါသည်။

     များစွာသော ပြည်နယ်များဖြစ်သည့် တောင်ပိုင်း Dong Nai ပြည်နယ်၊ central Da Nang မြို့နှင့် မြောက်ပိုင်း Vinh Phuc ပြည်နယ်များသည် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များတည်ထောင်ရန်အတွက် အဆိုတင်သွင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)