ပထမသုံးလပတ်ကာလတွင် Heidelberg Materials ၏အမြတ်ငွေများ ၅၀ ရာခိုင်နှုန်းကျဆင်းလာ

Powered by Drupal

     Heidelberg Materials ကုမ္ပဏီသည် အရောင်းချဆင်းမှုကြောင့် ၎င်းတို့၏ အမြတ်ငွေများသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလတွင် ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဘိလပ်မြေထုတ်လုပ်သော အဆိုပါကုမ္ပဏီ၏ အမြတ်ငွေများသည် ယခုနှစ်ပထမသုံးလပတ် ကာလတွင် တစ်နှစ်ထက်တစ်နှစ် ၅၀ ရာခိုင်နှုန်း tk ၁၉.၆ ကုဋေအထိ ကျဆင်းခဲ့ကြောင်း ၎င်းတို့၏ ဘဏ္ဍရေးထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်းတို့၏ ရှယ်ယာတစ်ခုချင်းဝင်‌‌‌ငွေ (EPS) သည် ယခုနှစ်အလားတူကာလနှင့် နှိူင်းယှဉ်လျှင် tk ၆.၉၆ မှ tk ၃.၄၈ အထိ ကျဆင်းခဲ့ပါသည်။ ၎င်းကုမ္ပဏီ၏ ရှယ်ယာများသည် ၃.၁၇ ရာခိုင်နှုန်း tk ၂၂၅.၈ အထိ ကျဆင်းခဲ့ကြောင်း ဒါကာစတော့လဲလှယ်ရေးအဖွဲ့အစည်း(DSE)အရ သိရပါသည်။ ၎င်း၏အသားတင်လုပ်ငန်းလည်ပတ်ဝင်‌ငွေသည် ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် tk ၂၃ မှ tk ၂.၉၇ အထိ ကျဆင်းခဲ့ပါသည်။ NOCFPS တွင် ကျဆင်းမှုသည် ‌ရောင်းအားကျဆင်းမှု ကြောင့်ဖြစ်ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာထုတ်ပြန်ချက်အရ သိရပါသည်။ ထို့အပြင် ကုမ္ပဏီသည် ၎င်းတို့၏ တစ်ခုချင်းရှယ်ယာတန်ဖိုးသည် ယခင်နှစ် ပထမသုံးလပတ်ကာလတွင် မြင့်တက်ရခြင်းသည် အသားတင်မြတ်ငွေများကြောင့် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီ၏ ရှယ်ယာများကို စပွန်ဆာများ နှင့် ဒါရိုက်တာများက ၆၀.၆၇ ရာခိုင်နှုန်း၊ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက ၂၈.၄၂ ရာခိုင်နှုန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက ၀.၀၄ ရာခိုင်နှုန်း နှင့် အထွေထွေ စတော့ကိုင်ဆောင်ထားသူများက ၁၀.၈၇ ရာခိုင်နှုန်း စသဖြင့် အသီးသီးပိုင်ဆိုင်ထားကြောင်း သိရပါသည်။ Heidelberg Materials သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးဘိလပ်မြေထုတ်လုပ်သူများထဲမှ ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Heidelberg Materials အဖွဲ့အစည်း၏ ဌာနခွဲများသည် နိုင်ငံပေါင်း ၅၀ ကျော်တွင် လည်ပတ်နေပြီး ၎င်း၏ ပြည်တွင်း ရပ်တည်ချက် အားကောင်းစေရန်အတွက် Chattogram တွင် ရေပေါ်ဆိပ်ကမ်းနှင့် ထုတ်လုပ်ရေးစက်မှုဇုန်များ တည်ဆောင်ခြင်း တို့ကိုပြုလုပ် နေကြောင်း ၎င်းတို့၏ website အတွင်းဖော်ပြချက်အရ သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)