အမေရိကန်နိုင်ငံမှဝက်သားတန်ချိန် ၁၂၀၀၀၀ တင်သွင်းမှုအားတရုတ်နိုင်ငံမှပယ်ဖျက်

Powered by Drupal

      တရုတ်နိုင်ငံမှ အမေရိကန်ဝက်သားတန်ချိန် ၁၂၀၀၀၀ မှာယူတင်သွင်းမှုအားပယ်ဖျက် လိုက်ကြောင်း ဧပြီလ ၂၅ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ၎င်းသည် ကိုဗစ် ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားပြီးချိန်မှစ၍ အကြီးမားဆုံး ဖျက်သိမ်းမှုတစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် US ဝက်သားတင်ပို့မှုအတွက် အဓိကစျေးကွက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဝက်သားတန်ချိန် ၄၇၅၀၀၀ နီးပါး တင်သွင်းခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည်။ တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် အမေရိကန် လယ်ယာထွက်ကုန်များအပေါ် မှီခိုအားထားမှုကိုလျှော့ချရန်ကြိုးပမ်းမှုကိုဦးတည်နေပြီး စီးပွားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပြင်၊ ထိုပယ်ဖျက်မှုသည် သမ္မတဒေါ်နယ်ထရန့်လက်ထက် အမေရိကန်အစိုးရ၏ မြင့်မားသောအခွန်စည်းကြပ်မှုများကို လက်တုံ့ပြန်ခြင်းအဖြစ်လည်းရှုမြင်ကြ သည်။ ယခင်က သမ္မတဒေါ်နယ်ထရန့်သည် တရုတ်သွင်းကုန်များအပေါ်အကောက်ခွန် ၁၄၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှလည်း အမေရိကန်ပို့ကုန်များအပေါ် အကောက်ခွန် ၁၂၅ ရာခိုင်နှုန်း ပြန်လည်ချမှတ်ရန်လှုံ့ဆော်ခဲ့သည်။ ယခုအခါတွင် အမေရိကန်နိုင်ငံမှ ဝက်သားများ သည် တရုတ်စျေးကွက်သို့ ဝင်ရောက်သောအခါ အကောက်ခွန် ၁၇၅ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အခြားနိုင်ငံများထက် သိသိသာသာ ပိုမို‌စျေးနှုန်းမြင့်မား၍ ပြိုင်ဆိုင်မှုလည်းနည်းပါးစေ သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင်ဝက်သားအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကိုပြည့်မှီစေရန်အတွက် ထိုသို့တင်သွင်းနေရခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် စိုက်ပျိုးရေးပစ္စည်းများနှင့် အသားထောက်ပံ့မှုရရှိစေရန် ဥရောပနှင့်စပိန်နိုင်ငံတို့အပေါ်  လွှဲပြောင်းမှီခိုမှုပြုနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

 

Source : idnfinancials.com

DOCA(ရန်ကုန်)