
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာ၌ ဦးစားပေးကုန်စည် (၁၀)မျိုးအား မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်အရ သတ်မှတ်ထားပါသည်။ ၎င်းရွေးချယ်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးမှာ အသင့်သောက်အချိုရည်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးတို့အား မြို့နယ်အလိုက် ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက သတ်မှတ်ထားသောကာလ၌ သတ်မှတ်ထားသော ဦးစားပေးကုန်စည်ကို အဓိကထား၍ သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ လစဉ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)