
အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနသည် နိုင်ငံအား ကမ္ဘာ့ထိပ်တန်းဟာလာထုတ်ကုန်များ ထုတ်လုပ်သူဖြစ်လာရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဒုတိယစက်မှုဝန်ကြီး Faisol Riza က ၎င်းတို့သည် ဟာလာလုပ်ငန်းဂေဟစနစ်တစ်ခုလုံးတိုးတက်ရန်နှင့် အရှိန်မြှင့်ရန် လိုအပ်ကြောင်းနှင့် ထိုအချက်သည် ရည်မှန်းချက်အဖြစ်သာမက မဟာဗျူဟာမြောက် လိုအပ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Riza ၏အဆိုအရ ကမ္ဘာ့အစ္စလာမ္မစ် စီးပွားရေးတွင် အင်ဒိုနီးရှား၏တည်နေရာ သည်များစွာသောကဏ္ဍများတွင် ဆက်လက် တိုးတက်ရန်လိုအပ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား သည် မူစလင်များကအဓိကနေထိုင်သူမဟုတ်သည့် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဟာလာအခြေခံ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကဏ္ဍတွင် ပိုမိုတွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း သိရပါ သည်။ ဟာလာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် အခြားစိန်ခေါ်မှုတစ်ခုမှာ ဟာလာထုတ်ကုန်၏ ကမ္ဘာ လုံးဆိုင်ရာအမှတ်တံဆိပ်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရပါသည်။ Riza က ကမ္ဘာ့ထိပ်တန်းဟာလာ အမဲသားရောင်းချသူဖြစ်သည့် ဩစတေးလျနှင့် ကမ္ဘာ့ထိပ်တန်း မူစလင်အဝတ်အထည်များရောင်းချ သူဖြစ်သည့် တရုတ်အစရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဟာလာဈေးကွက်တွင် အခြားနိုင်ငံများက အားကောင်းသောတည်နေရာများ တည်ထောင်ခဲ့မှု အပေါ် ထောက်ပြပြောဆိုခဲ့ကြောင်း သိရပါသည်။ Riza က ထိုနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ ဟာလာဈေးကွက်တွင် ၎င်းတို့၏တည်နေရာခိုင်မာ စေရေးအတွက် ဗျူဟာမြောက် အမှတ်တံဆိပ်တည်ထောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာပေါ်တွင်ထိပ်တန်း ထုတ်လုပ်သူဖြစ်လာရန်အတွက် ပြည်တွင်းဟာလာလုပ်ငန်းအမှတ်တံဆိပ် အရှိန်မြှင့်တင်ရန် စက်မှုဝန်ကြီးဌာနသည် Halal Indonesia International Expo 2025 ကို စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ Banten ပြည်နယ် Tangerang မြို့တော်တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။
Reference; Antara News
DOCA(ရန်ကုန်)