
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်နှင့်ရွှေဘုန်းရှိန်ရပ်ကွက်တို့ရှိ အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၄)ခုသို့ ၂၅.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး ဌာနစုံပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)