စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

Powered by Drupal

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဋ္ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၈.၇.၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် တောင်ကြီးပညာရေးဒီဂရီကောလိပ် သင်တန်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး(ကိုယ်စား) သင်တန်းရေးရာဌာနကြီးမှူး ဒေါ်စိမ်းစိမ်းမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးခွန်ကျော်ဋ္ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က ဌာနလုပ်ငန်းများအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉)နှင့် အခန်း(၁၈)တို့တွင် ပြဌာန်းထားသော စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

              အဆိုပါအခမ်းအနားသို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)