မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

          ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း   (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မင်းပြားမြို့နယ်တာဝန်ခံမှ စားသုံးသူများအနေဖြင့် အသင့်စားမုန့်ပဲ သရေစာများဝယ်ယူစားသောက်ခြင်း ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအားအဓိကထားဖတ်ရှုသင့်ကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် အကြောင်းအရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူ (၅၇)ဦးအား ခဲတံများ လက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)