မော်လမြိုင်မြို့ မြိုင်ရတနာ နှစ်ထပ်ဈေးတွင် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ မြိုင်ရတနာနှစ်ထပ်ဈေးရှိ အလှကုန်ပစ္စည်းများရောင်းချခြင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ဆိုင်များ၌ ရောင်းချနေသော ထုတ်ကုန်ပစ္စည်းများမှာ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ထုတ်ဝေထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)