Honda သည် Canada EV စက်ရုံစီမံကိန်းအား ရွှေ့ဆိုင်းရန်စီစဉ်လျက်ရှိ

Powered by Drupal

             ဂျပန်နိုင်ငံ ဟွန်ဒါမော်တော်ကားကုမ္ပဏီမှ ကနေဒါနိုင်ငံတွင် လျှပ်စစ်ကား (EV) ထောက်ပံ့‌ရေးကွင်းဆက်တစ်ခုတည်ဆောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၁၃ ရက်နေ့ က ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ မကြာသေးမီက EV စျေး ကွက် နှေးကွေးမှုကြောင့် Honda Motor သည် Canada တွင် ပြီးပြည့်စုံသောတန်ဖိုး ကွင်းဆက် ရင်းနှီးမြုပ်နှံမှု စီမံကိန်းကို ခန့်မှန်းခြေ ၂ နှစ်ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်ဟု Honda Canada မှ CBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ စျေးကွက်အခြေအနေများ ပြောင်းလဲလာ သည်နှင့်အမျှ ကုမ္ပဏီသည် အချိန်နှင့်ပ‌‌ရောဂျက်တိုးတက်မှုကို ဆက်လက်အကဲ ဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုဆုံးဖြတ်ချက်သည် Alliston ရှိ စက်ရုံ၏ လက်ရှိအလုပ်အကိုင် သို့မဟုတ် ထုတ်လုပ်မှု အဆင့်ကို ထိခိုက်မည်မဟုတ်ကြောင်း Honda ကုမ္ပဏီမှ ပြောကြားခဲ့ သည်။ အဆိုပါ EV ထောက်ပံ့ ရေးကွင်းဆက် ပရောဂျက်အား Ontario၊ Alliston ဧပြီလ ၂၀၂၄ က တည်ဆောက်ရန်အတွက် ပထမဆုံးအကြိမ်ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်း ပရောဂျက်တွင် ပြန်လည်တပ်ဆင်သည့် စက်ရုံတို့ ပါဝင်သည်။ မူလအစီအစဉ်အရ စက်ရုံသည် ၂၀၂၈ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်ပြီးတစ်နှစ် လျှင် ကားအစီးရေ ၂၄၀၀၀၀ အထိထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

Source : Xinhua 

DOCA(ရန်ကုန်)