
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh သည်မှောင်ခိုရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်ပစ္စည်းအတုအယောင်များကို နှိမ်နှင်းရန် တစ်လကြာလှုပ်ရှားမှု တစ်ရပ်ကို မေလ ၁၅ ရက် နေ့ မှ ဇွန်လ ၁၅ ရက်နေ့အထိ စစ်ဆေးရန်အမိန့်ပေးခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီ က မေလ ၁၄ ရက်နေ့က (ဆင်ဟွာ) တွင်ဖော်ပြထားသည်။ ထိုကမ်ပိန်း၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော အမျိုးသားအဆင့်အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းရန် ညွှန်ကြားခဲ့ သည်။ မူးယစ်ဆေးဝါး၊ ရွှေ၊ နိုင်ငံခြားငွေနှင့် ဗီယက်နမ်နိုင်ငံထုတ်ကုန်ပစ္စည်း အတုများဟု တံဆိပ်ကပ်ထားသော တရားမဝင်ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း အမိန့်ပေးခဲ့သည်။ ယခုနှစ်အစောပိုင်းမှ စ၍ ဗီယက်နမ်အာဏာပိုင် များသည် လူမှောင်ခိုကူးမှု၊ ကုန်သွယ်မှုလိမ်လည်မှုနှင့် ကုန်ပစ္စည်းအတုများတင်ပို့မှု တင်သွင်းမှုအပါအဝင် အမှုပေါင်း ၃၄၀၀၀ ကျော်အား ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။Source : Xinhua
DOCA(ရန်ကုန်)