ကျောက်တံခါးမြို့ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြော

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့ အထက်တန်းကျောင်း၌ ကျောင်းသား ၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းက စားသုံးသူ အခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၇၀ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲ အပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)