လက်ပံတန်းမြို့၌ စားသုံးသူသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် လက်ပံတန်းမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၈.၇.၂၀၂၂ )ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာန၊ Community Center တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

          လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုမှ ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ် ရောင်းချရန် ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များ ၊ ဆောင်ရန်ရှောင်ရန်များကို ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)