စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ၁၄.၇.၂၀၂၂ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် စားသုံးဆီနှင့် စားသောက်ကုန်စည်ရောင်းဝယ်ရေး အသင်းမှ အသင်းဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၄) ဦးတက်ရောက်ခဲ့‌ကြောင်း သိရှိရသည်။

           အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူးက ပြည်နယ်အတွင်း ဆီထွက်သီးနှံ အမျိုးအစားအလိုက် စိုက်ဧက၊ ထွက်ရှိနှုန်း၊ တစ်ဦးချင်းစားသုံးမှုနှင့် လုံလောက်မှု ရှိ/မရှိနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူးက မွန်ပြည်နယ်အတွင်း စားသုံးဆီနှင့်ပတ်သက်၍လျာထားချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေအားဆွေးနွေးပြီး၊ မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်အတွင်းမြို့နယ်အလိုက် အရည်အသွေးပြည့်မီသည့် ဆီကြိတ်စက် အရေအတွက်နှင့်ထပ်မံလိုအပ်မည့် ဆီကြိတ်စက်အရေအတွက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးဆီလိုအပ်ချက်နှင့် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ ဆွေးနွေးခဲ့ပြီး၊ ဆီထွက်သီးနှံနှင့် ဆီကြိတ်စက်များ လိုအပ်ချက်နှင့် ဆောင်ရွက်သင့်သည့်နည်းလမ်းများအား တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)