
ဗြိတိန်နိုင်ငံသည် ၎င်း၏ ဂါဇာကမ်းမြောင်ပိတ်ဆို့ထားမှုနှင့် ပက်သက်၍ အစ္စရေးနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ဆိုင်ငံထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy မေလ ၂၀ ရက်နေ့က ကြောညာခဲ့သည်။ အစ္စအရေးသံအမတ်ကိုလည်းဆင့်ခေါ်ထားကြောင်း Lammy က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားမှုသည် ကျင့်ဝတ်ပိုင်းအရ မှားယွင်း ကြောင်း၊ တရားမျှတမှုမရှိကြောင်း၊ ရပ်တန့်ရန်လိုအပ်ကြောင်း ဗြိတိန်ပါလီမန်အောက်လွှတ် တော်တွင် Lammy က ပြောကြားခဲ့သည်။
ဆာလောင်မွတ်သိပ်နေသော ကလေးငယ်များအား အစ္စရေးအစိုးရ၏ အစာမစားဖို့ငြင်းဆို မှုအပေါ်လွှတ်တော်အမတ် အားလုံးက ရှင်းရှင်းလင်းလင်း ရှုတ်ချသင့်ကြောင်း Lammy ကပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)