စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုသည်  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် (၁၁:၀၀) အချိန်၌ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အလှကုန်ပစ္စည်းအရောင်း ဆိုင်လုပ်ငန်းရှင် (၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်ရှင်၏ တာဝန်များအကြောင်း၊ ပုဒ်မ(၁၈)တွင်ပါရှိသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)