တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ငူခရိုင် ၊  ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ရှိ ကုန်စုံဆိုင် ကြီးများ၌ ရောင်းချသော အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိမရှိကို ဈေးကွက်အတွင်း ကွင်းဆင်း၍ စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ အမှတ်တံဆိပ်ပါ စားသုံးဆီများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အမှတ်တံဆိပ်များ ဖော်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်မှု အားနည်းသေးကြောင်း တွေ့ရှိရပါဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)