တရုတ်ဈေးကွက်ကိုလွှမ်းခြုံထားသည့် ဗီယက်နမ်သရက်သီးများ

Powered by Drupal

            ယခုနှစ်၏ပထမ ၃ လတာကာလတွင် ဗီယက်နမ်သရက်သီးများသည် တရုတ်ဈေးကွက် သို့ အားကောင်းစွာဝင်ရောက်လျှက်ရှိပြီး ထိုင်း၊ ပီရူးနှင့် ဩစတေးလျအစရှိသည့် အဓိကတင်ပို့သူ များကို ကျော်ဖြတ်ကာ တရုတ်သရက်သီးတင်သွင်းသည့် ဈေးကွက်ဝေစု၏ ၉၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဈေးနှုန်း၊ တည်ငြိမ်သောအရည်အသွေးနှင့် အချိန်မီတင်ပို့နိုင်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ တရုတ် အကောက်ခွန်ထံမှအချက်အလက်များအရ တရုတ်သည် ယခုနှစ် ပထမ ၃ လတာကာလတွင် အမေရိကန်ဒေါ်လာ ၂၉ သန်းတန်ဖိုးရှိသောသရက်သီးများကို နိုင်ငံပေါင်း ၆ နိုင်ငံထံမှတင်သွင်း ကြောင်း သိရပါသည်။ ထိုကာလအတွင်း ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိ သောသရက်သီးတန်ချိန်၄၀၇၀၀ ကိုတရုတ်သို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် သရက်သီးတင်ပို့သည့်ပျမ်းမျှဈေးနှုန်းမှာ ၇၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်အတွက် တရုတ်နိုင်ငံ တွင် စားသုံးသူလက်ခံမှုအားကောင်းနေကြောင်း သိရပါသည်။ ဗီယက်နမ်သရက်သီးတင်ပို့သည့် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်ကို ၇၀၀ အမေရိကန်ဒေါ်လာရှိပြီး ကမ္ဘောဒီးယားတင်ပို့သည့်ဈေးနှုန်း နှင့်တူညီကာ ထိုင်း၊ ပီရူးနှင့် ဩစ‌တေးလျတို့ထက် သိသာစွာလျှော့နည်းကြောင်း သိရပါသည်။ ထို့ပြင်တရုတ်နှင့် ပထဝီတည်နေရာနီးကပ်မှုက‌‌ထောက်ပံ့ပို့ဆောင်မှုကုန်ကျစရိတ် သက်သာ စေပြီး လျှင်မြန်စွာပို့ဆောင်ပေးနိုင်ကြောင်း သိရပါသည်။ ကုန်ကျစရိတ်အားသာချက်အပြင် ဗီယက်နမ်သရက်သီးများသည် တရုတ်စားသုံးသူများကြားတွင် တည်ငြိမ်သောအရည်အသွေး၊ ကောင်းမွန်ချိုမြိန်သောအနံအရသာတို့ကြောင့် လူကြိုက်များကြောင်း သိရပါသည်။ သို့သော်အခွင့်အရေးများအပြင် စိန်ခေါ်မှုများရှိနေကြောင်း သိရပါသည်။ မေလမှစ၍ တရုတ်သည် ပြည်တွင်းသရက်သီးရိတ်သိမ်းမှုစတင်သောကြောင့် တင်သွင်းမှုလျှော့ကျနိုင်ကာ ဈေးနှုန်းလည်းကျဆင်းနိုင်ကြောင်း သိရပါသည်။ ရေရှည်စဉ်ဆက်မပြတ်ကြီးထွားရန်အတွက် သရက်သီးကဏ္ဍသည် ပို့ကုန်တည်နေရာများကွဲပြားရန်ဆောင်ရွက်ခြင်း၊ မြင့်မားသောအလား အလာရှိသောဈေးကွက်များသို့တိုးချဲ့ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းမှုနည်းပညာတို့ တွင် ရင်းနှီးမြှုပ်နှံခြင်းတို့ ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)