
မော်ရီတေးနီးယားသမ္မတ Mohamed Ould Cheikh El Ghazouani နှင့် ဆီနီဂေါသမ္မတ Bassirou Diomaye Faye တို့သည် အာဖရိကအနောက်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာရှိ Greater Tortue Ahmeyim (GTA) နယ်ပယ်မှ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုကို တရား ဝင် စတင်လိုက်ပြီဖြစ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဆိုက်ကိုလည်ပတ်ရန် တာဝန်ရှိသည့်ကုမ္ပဏီများဖြစ်သည့် BP နှင့် Kosmos Energy တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။ ဧပြီလတွင် စတင်ခဲ့သော GTA Phase One ပရောဂျက်မှ LNG တင်ပို့မှုသည် နှစ်စဉ် ထုတ်လုပ်မှု တန်ချိန် ၂.၃ သန်းအထိ ရှိလာမည်ဖြစ်သည်။ ၂၀၂၇ ခုနှစ် တွင် GTA Phase One မှ LNG ထုတ်လုပ်မှု၏ ၂၀ မှ ၂၅ ရာခိုင်နှုန်းကို စွမ်းအင်စျေးနှုန်းများ လျှော့ချ ရန်အတွက် တည်ဆောက်ပုံဆိုင်ရာ လျှော့ချမှုကို ဆောင်ကြဉ်းရန် ပြည်တွင်းစျေးကွက် သို့ ခွဲဝေ ပေးမည်ဖြစ်ကြောင်း Faye မှ ပြောကြားခဲ့သည်။ ရေအနက် ၂၈၅၀ မီတာအထိရှိသော GTA ကွင်း ကို မော်ရီတေးနီးယားနှင့် ဆီနီဂေါတို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်အရ ဖော်ဆောင်လျက်ရှိသည်။ ၎င်းကို BP နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ ဖြစ်သော Kosmos Energy၊ PETROSEN နှင့် SMH တို့မှ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။
Source : Xinhua
DOCA(ရန်ကုန်)