၂၀၂၇ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ကမ္ဘောဒီးယားနှင့် ထိုင်းရည်မှန်း

Powered by Drupal

             ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုအားကောင်းရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ရည်မှန်းထားကြောင်း ကမ္ဘောဒီးယား၏ နိုင်ငံခြားရေးရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန(MFAIC)က မေလ ၂၅ ရက်နေ့ကထုတ်ပြန်ချက် အရ သိရပါသည်။ ကြေညာချက်ကို ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် MFAIC ဝန်ကြီးဖြစ်သူ Prak Sokhonn နှင့် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီး Maris Sangiampongsa တို့၏ Extended Informal Consultation on the Implementation of the Five-Point Consensus တွင် သီးခြားတွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ MFAIC ၏ ထုတ်ပြန်ချက် အရ ဝန်ကြီးနှစ်ဦးသည် ၂၀၂၇ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုရည်မှန်းချက် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံချမှတ်ခြင်း၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် SEZ များတည်ထောင်ခြင်းတို့ပါဝင်သောအလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုဧရိယာများတွင် အသေးစိတ်ဆွေးနွေးမှုများနှင့်အတူ အမြင်များကိုဖလှယ် ခဲ့ကြကြောင်း သိရပါသည်။ SEZ များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်းသည် ကုန်သွယ်မှုရည်မှန်းချက်ပြည့်မီရေးတွင် အရေးပါသောအခန်းကဏ္ဍကပါဝင်ရန်မျှော်မှန်းရ ကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ရန်အတွက် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ မကြာမီအချိန်တွင်လည်း နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းနှင့် ပြည်သူများဝင်ထွက် သွားလာမှုအရှိန်မြှင့်တင်ပေးနိုင်ရန်မျှော်မှန်းရသည့် အလွန်အရေးပါသောအခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်သည့် ကမ္ဘောဒီးယား-ထိုင်းချစ်ကြည်ရေးတံတားဖွင့်ပွဲအခမ်းအနားကျင်းပရန် ရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၄ လတာကာလတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုတန်ဖိုး မှာအမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင် ကမ္ဘောဒီးယားကထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၂၇.၇၈ သန်းတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၁၆ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားမှထိုင်းနိုင်ငံသို့အဓိကပို့ကုန်များတွင် အဝတ်အထည်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ ကျောက်မြတ်ရတနာများ၊ ကုန်ကြမ်းပစ္စည်း များ semi-processed ကုန်ပစ္စည်းများပါဝင်ပြီး သွင်းကုန်များတွင် ငါး၊ အသား၊ ဟင်းသီး ဟင်းရွက်၊ ယာဉ်များ၊ ဇီဝမြေဩဇာများ၊ အစားအစာထုတ်ကုန်များနှင့် ဆောက်လုပ်ရေးပစ္စည်း များ ပါဝင်ကြောင်း သိရပါသည်။

Khmer Times

DOCA (ရန်ကုန်)