အမေရိကန်နိုင်ငံမှ သံမဏိနှင့် အလူမီနီယံအပေါ် စည်းကြပ်ခွန်အား ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်

Powered by Drupal

     အမေရိကန်သမ္မတ Donad Trump သည် ပြည်တွင်း စက်မှုလုပ်ငန်းအား နိုင်ငံခြား ပြိုင်ဆိုင်မှုမှကာကွယ်ရန်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ကောက်ခံရန် စီစဉ်ထားကြောင်း မေလ ၃၀ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် သံမဏိနှင့် ဂျပန်နိုင်ငံမှ Nippon Steel တို့အကြား ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော် ပြသခဲ့သည်။ West Miffin Penniylvania ရှိ အမေရိကန် သံမဏိစက်ရုံသို့ သွားရောက် လည်ပတ်စဉ် Trump မှ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Trump သည် ၎င်း၏ Truth Social Platform တွင် နှုန်းထားအသစ်သည် ဇွန်လ ၄ ရက်နေ့တွင် စတင် သက်ရောက်မည်ဟု ကြေငြာခဲ့သည်။ Trump အစိုးရသည် သံမဏိနှင့် အလူမီနီယံတင်သွင်းမှု အားလုံးအပေါ် မတ်လ ၁၂ရက်နေ့က စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းချမှတ်ခဲ့ပြီး အမေရိကန် မော်တော်ယာဉ်လုပ်ငန်းများ၏ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။ ကနေဒါနှင့် ဥရောပ သမဂ္ဂတို့မှ တန်ပြန်အခွန်စည်းကြပ်မှုများကို ကြေညာခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းတို့အား ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ အကောက်ခွန်တိုးမြှင့်ခြင်းသည် မော်တော်ကားများ၊ စည်သွပ်ဘူးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးစက်ကိရိယာများအပါအဝင် သတ္တုအခြေခံ ထုတ်ကုန်များအတွက် ဈေးနှုန်းများကို မြင့်မားလာစေနိုင်ကြောင်း ဒေသတွင်းမီဒီယာများက မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)