၂၀၂၅ ခုနှစ်ပထမ ၅ လတွင် ကော်ဖီတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

           ၂၀၂၅ ခုနှစ် မေလလလည်အထိတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၇၃၆၀၀၀ တန် တင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာန၏အဆိုအရသိရပါသည်။ တင်ပို့သည့်ပမာဏသည် ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းများမြင့်တက်မှုကြောင့် တင်ပို့သည့်တန်ဖိုးမှာ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းတွင် ဗဟိုကုန်းမြင့်ဒေသရှိကော်ဖီဈေးနှုန်း များမှာ မေလ ၂၄ ရက်နေ့အထိ၌ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂၅၀၀ မှ ၃၃၀၀ ကြားထိ ကျဆင်းနေကြောင်း သိရပါသည်။ Da Nong၊ Dak Lak နှင့် Ga Lai ပြည်နယ်တို့တွင် ဈေးနှုန်း များမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၂၅၀၀ ရှိပြီး Lam Dong ပြည်နယ်တွင် တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၂၀၀၀ ရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးကျွမ်းကျင်သူများက ကမ္ဘာ့ဈေးကွက်များတွင် အကျဘက်ဦးတည်နေသောကြောင့် ပြည်တွင်းဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၀၀၀၀ ပတ်လည်ထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့ကြ ပါသည်။ လတ်တလောဈေးနှုန်းမြင့်မားနေရသည့် အဓိကအကြောင်းအရင်းများမှာ ရာသီဥတု အပေါ်စိုးရိမ်မှုများနှင့် ပြေလျှော့မည့်လက္ခဏာများပြသနေသည့် ကုန်သွယ်ရေးတင်းမာမှုများ ကြောင့်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် လွန်ခဲ့သည့်နှစ်နှစ်ကျော်အတွင်း ကော်ဖီပင်များစိုက်ပျိုး ခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်ခဲ့သောကြောင့် လာမည့်အနာဂတ် တွင် ရောင်းချမှုအရှိန်မြှင့်တင်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)