မီးရထားလမ်းတွင်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဗီယက်နမ်နှင့် ပြင်သစ် MoU ရေးထိုး

Powered by Drupal

           ဗီယက်နမ်နိုင်ငံ ဆောက်လုပ်ရေးဒုတိယဝန်ကြီး Nguyen Danh Huy သည် ပြင်သစ်သမ္မတ Emmanuel Macron  ၏ ဗီယက်နမ်အလည်အပတ်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ(AFD)၏ ညွှန်ကြားရေးမှူးချုပ် Remy Riouxနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဟနွိုင်းမြို့တွင် မေလ ၂၇ ရက်နေ့က အလုပ်သဘောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ EU နှင့် ပြင်သစ်အဖွဲ့သည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးတွင်ကူညီပေးရန်ပါဝင်သော ဗီယက်နမ်၏အစိမ်းရောင်သယ်ယူ ပို့ဆောင်ရေးတွင် ပံ့ပိုးပေးရန်အစီအစဉ်ကို ဝေမျှခဲ့ကြောင်း သိရပါသည်။ Huy က စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးတိုးတက်‌ရေးအတွက်တည်ဆောက်ရာတွင် ကာဗွန်ထုတ်လွှင့်မှုနည်းပါးမှု ဖွံ့ဖြိုးတိုးတက်ရန်၊ စွမ်းအင်စွမ်းရည်မြှင့်တင်ရန်နှင့် ရထားလမ်း စီမံကိန်းများအကောင်အထည်ဖော်ခြင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် AFD ၏ ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးကျူးပြောကြားခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း Huy ၊ AFD ညွှန်ကြားရေးမှူးချုပ် Rioux နှင့် SNCF International ဥက္ကဌ Diego Diaz တို့ကြား ရထားလမ်းကဏ္ဍတွင်စွမ်းရည်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာရေးထိုးခဲ့ ကြောင်း သိရပါသည်။ မေလ ၂၆ ရက်နေ့ကလည်း ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီး Tran Hong Minh နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Olivier Brochet တို့သည် လေကြောင်း၊ ရေကြောင်း၊ ကုန်းတွင်းရေကြောင်းများနှင့် ရထားလမ်းများပါဝင်သည့် သယ်ယူ ပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် letter of intent ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)