
၂၅ ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ (AECC) အစည်းအဝေးတွင် ပါဝင်သည့် တာဝန်ရှိသူများက ဒေသတွင်းနှင့်ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေး ခဲ့ကြောင်း မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစည်းအဝေးသဘာပတိအဖြစ် Tengku Zafrul Abdul Aziz က အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား ဘုံအကျိုးစီးပွားများ မြှင့်တင်ရန် ကတိ ကဝတ်ပြုကာ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ၎င်းတို့သည် ပြင်ပမိတ်ဖက်များ အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အာဆီယံအတွင်း ကုန်သွယ်မှုကိုတိုးမြှင့်ရန် ပြည်တွင်း၌ လည်းနည်းလမ်းရှာဖွေရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ Zafrul သည် အာဆီယံ စီးပွားရေးအသိုက်အဝန်း Blueprint 2025 အောက်တွင် ဆောင်ရွက်ခဲ့သော တိုးတက်မှုကို မီးမောင်းထိုးပြပြီး အလွန်စည်းလုံးသော အာဆီယံစီးပွားရေးကို တည်ဆောက်ရန်အတွက် မဟာ ဗျူဟာမြောက် လမ်းပြမြေပုံအဖြစ်ဆောင်ရွက်ခဲ့သည်။ “အသေးစိတ်အချက် အလက်အားဖြင့် အာဆီယံသည် ကုန်သွယ်မှုဖြေလျှော့မှု၊ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီမှု၊ MSME (အသေးစားနှင့် အလတ်စားလုပ်ငန်း) ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် ရေရှည်တည်တံ့ သော စီးပွားရေးအစပြုမှုများ စသည့် နယ်ပယ်များတွင် သိသာထင်ရှားသော ခြေလှမ်းများ ချမှတ်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ၂၅ ကြိမ်မြောက် AECC အစည်းအဝေးကို မလေးရှားနိုင်ငံ၏ ၂၀၂၅ ဥက္ကဋ္ဌတာဝန်အောက်တွင် “အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲ ရေး” ခေါင်းစဉ်ဖြင့် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် တွဲဖက်ကျင်းပလျက်ရှိသည်။
Source : Xinhua
DOCA(ရန်ကုန်)