မွန်ဂိုလီးယားနှင့်သြစတြေးလျတို့ ပူးပေါင်းဆောင်ရွက်ရေးလက်မှတ် ရေးထိုးခဲ့ကြ

Powered by Drupal

           မွန်ဂိုလီးယားနှင့်သြစတြေးလျနိုင်ငံတို့သည် နှစ်နိုင်ငံဆက်‌ဆံရေး တိုးမြင့်ရန်အတွက်ပူး ပေါင်း‌ဆောင်ရွက်ရေး စာရွက်စာတမ်းများ အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြောင်း မွန်ဂိုလီယားသမ္မတရုံး၏မေလ ၂၆ ရက်နေ့ပြောကြားချက်အရသိရသည်။ သတ္တုတွင်းကဏ္ဍတွင် နည်းပညာအသစ်များနှင့် အကောင်းဆုံအလေ့အကျင့်များဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာနှင့်ပူးတွဲကြေညာချက်အပါအဝင်စာရွက်စာတမ်းများကိုမွန်ဂိုလီယား နိုင်ငံ၏မြို့တော် Ulan Bator တွင်လက်မှတ်ရေးထိုးခဲ့သည်။ သြစတြေးလျနိုင်ငံ၏ သမ္မတ Alexander Vander Bellen သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူလေးရက်ကြာနိုင်ငံ တော် ခရီးစဉ်အတွက် မေလ ၂၅ ရက်နေ့ညနေပိုင်းက Ulan Bator သို့ရောက်ရှိခဲ့သည်။ နှစ်နိုင်ငံသံ တမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း သြစတြေးလျသမ္မတ မွန်ဂိုလီးယားနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သောကြောင့် ထိုနိုင်ငံတော်ခရီးစဉ်သည် အလွန်အရေးပါကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)