ဆော်ဒီအာရေးဗီးယားနှင့်ကူဝိတ်တို့သည် ပိုင်းခြားထားသောနယ်မြေတွင် ရေနံ ရှာဖွေ တွေ့ရှိမှုအားကြေညာခဲ့

Powered by Drupal

          ဆော်ဒီအာရေးဗီးယားနှင့်ကူဝိတ်တို့သည် နှစ်နိုင်ငံအကြား ပိုင်းခြားထားသောဇုန်အတွင်း ရေနံတွေ့ရှိမှုအား မေလ ၂၆ ရက်နေ့က နှစ်နိုင်ငံပူးတွဲကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါရှာဖွေ တွေ့ရှိမှုအား မြောက်ပိုင်း Wafra Wara-Burgan နယ်ပယ်ရှိ Wafra Joint Operations မှပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ပင်မ Wafra ကွင်း၏ မြောက်ဘက်ငါးကီလိုမီတာအကွာတွင်တည်ရှိသည်။ Wara-Burgan-1 အတွင်းရှိ Wara reservoir မှ ရေနံစိမ်းသည် API ဆွဲငင်အား ၂၆ မှ ၂၇ ဒီဂရီဖြင့် တစ်ရက်လျှင် စည် ၅၀၀ ကျော်နှုန်းစီးဆင်းလျှက်ရှိသည်။ ၎င်းသည် နှစ်နိုင်ငံပိုင်ခြားထားသောဇုန် နှင့် ၎င်း၏ကမ်းလွန်ပင်လယ်ပြင်တွင် ၂၀၂၀ နှစ်လယ်ပိုင်းထုတ်လုပ်မှု ပြန်လည်စတင်ပြီးနောက် ပထမဆုံးတွေ့ရှိမှုဖြစ်သည်။ ထိုရေနံရှာဖွေတွေ့ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ပေးသွင်းသူ များဖြစ်လာစေရန်ဟူသော ‌ဆော်ဒီအာရေဗီးယားနှင့်ကူဝိတ်နှစ်နိုင်ငံလုံး၏ ရပ်တည်ချက်အား အားကောင်းလာစေပြီး စူးစမ်းရှာဖွေရေးနှင့် ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရာတွင် နှစ်နိုင်ငံလုံး၏ ဆက်လက်ကြိုးပမ်းမှုကို မီးမောင်းထိုးပြနိုင်မည်ဖြစ်သည်။

Source : Xinhua

DOCA(ရန်ကုန်)