၂၀၂၅ ခုနှစ်ဗီယက်နမ်နိုင်ငံ၏ လိုင်ချီးသီးထွက်ရှိမှု ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာ

Powered by Drupal

              ၂၀၂၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ လိုင်ချီးသီး ထွက်ရှိမှုသည် ရာသီဥတုအခြေအနေနှင့် သင့်လျော်သောရောဂါ ထိန်းချုပ်မှု အခြေအနေတို့ကြောင့် တန်ချိန် ၃၀၃၀၀၀ ခန့် ထွက်ရှိနိုင်မည် ဖြစ်ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းအထိတိုးလာမည်ဖြစ်ကြောင်း ဗီယက်နမ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ အပင်ထုတ်လုပ်မှုနှင့် ကာကွယ်မှု ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ စုစုပေါင်းထွက်ရှိမှုမှ တန်ချိန် ၁၆၅၀၀၀ အား မြောက်ပိုင်းရှိ Bac Giang ပြည်နယ်၊ တန်ချိန် ၆၀၀၀၀ အား တောင်ပိုင်းရှိ Hai Daung ပြည်နယ်၊ တန်ချိန် ၂၂၀၀၀ အား မြောက်ပိုင်းရှိ Hung Yen ပြည်နယ်၊ တန်ချိန် ၂၂၀၀၀ အား မြောက်ပိုင်းရှိ Lang Son ပြည်နယ်နှင့် တန်ချိန် ၂၁၀၀၀ အား ကုန်းမြင့်ဒေသဖြစ်သော Dak Lak ပြည်နယ်တို့မှ ထွက်ရှိခြင်း ဖြစ်သည်။ လိုင်ချီးသီးများ၏ ရိတ်သိမ်းချိန်အား မေလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အစောပိုင်း ရိတ်သိမ်းချိန်နှင့် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်‌နေ့အထိ အဓိကရိတ်သိမ်းချိန်ဟူ၍ နှစ်ပိုင်း ခွဲခြားထားပြီး ရိတ်သိမ်းချိန်မှာလည်းတိုတောင်းကြောင်းသိရသည်။ ဗီယက်နမ်မှ လိုင်ချီးသီး တင် သွင်းသည့်နိုင်ငံများ၏ လိုအပ်ချက်အရ အပင်သီးသန့်ခွဲခြင်းပြုစုပျိုးထောင်ခြင်းတို့အတွက် ပြင် ဆင်မှုများနှင့်ပတ်သက်၍ ဧပြီလအစပိုင်းမှစ၍ ဗီယက်နမ်အပင်ထုတ်လုပ်မှုနှင့် ကာကွယ်ရေးဦးစီး ဌာနသည် အခြားနိုင်ငံမှ အပင်ကွာရန်တီး အေဂျင်စီများနှင့်ပူးပေါင်း၍ စာရွက်စာတမ်းများ ပြည့်စုံ စေရန်နှင့် ဓာတ်ရောင်ခြည်ပေးသည့် စက်ရုံသုံးရုံ၊ မီးခိုးငွေ့စက်ရုံသုံးရုံတို့အား စစ်ဆေးဆောင်ရွက် ခဲ့သည်။ ၂၀၂၅ ခုနှစ်မှ စတင်၍ ကာလကြာရှည်စွာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဂျပန် နိုင်ငံသည် စိုက်ပျိုးမှုလုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ရန်ကျွမ်းကျင်ပညာရှင်းများကို စေလွှတ် မည့်အစား ဗီယက်နမ်နိုင်ငံအားလိုင်ချီးတင်ပို့မှုလုပ်ငန်းစဉ်ကို ကြီးကြပ်ရန်ခွင့်ပြုပေးခဲ့သည်။ ထို သို့ ပြုလုပ်ခြင်းသည် စိုက်ပျိုးသူများနှင့် တင်ပို့သူများအတွက်အချိန်နှင့်ကုန်ကျစရိတ်ကိုများစွာ သက်သာစေသည်။ ဗီယက်နမ်နိုင်ငံသည် လိုင်ချီးသီးအထွက်နှုန်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည် တွင်း၌စားသုံးပြီး ကျန်ရှိသည်ကို ပြည်ပသို့ တင်ပို့နိုင်ရန်ရည်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံ၏ လိုင်ချီးသီးများသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၀ သို့ တင်ပို့နေသော်လည်း တင်ပို့မှု ပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်စျေးကွက်သို့ရောက်ရှိကြောင်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)