IT ကဏ္ဍဦးဆောင်မှုကြောင့် ပါကစ္စတန်နိုင်ငံ၏ ၂၀၂၄-၂၅ ပို့ကုန်တင်ပို့မှု ၇ ရာခိုင်နှုန်း မြင့်တက်လာ

Powered by Drupal

             နိုင်ငံ၏ သတင်းအချက်အလက်နှင့်နည်းပညာ(IT) ကဏ္ဍတွင် အားကောင်းလာသည့် စွမ်းဆောင်ရည်ကြောင့် ပါကစ္စတန်၏ ပို့ကုန်သည် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် အပိတ်ကာလတွင် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆.၉ ဘီလီယံသို့‌ ရောက်ရှိခဲ့ကြောင်း Pakistan Economic Survey 2024-25 ၏ ဇွန်လ ၉ ရက်နေ့အချက်အလက်များအရသိရသည်။ ဘဏ္ဍာရေး ဝန်ကြီး Muhammad Aurangzeb မှ ထုတ်ဖော်ပြသခဲ့သည့် စစ်တမ်းသည် IT နှင့် IT-enabled Services(ITes) ကဏ္ဍ၏ သိသာထင်ရှားသော ပံ့ပိုးကူညီမှုကို အလေးပေးဖော်ပြခဲ့ပြီး ဇူလိုင်လမှ မတ်လအတွင်း ပို့ကုန်တင်ပို့မှု ၂၃.၇ ရာခိုင်နှုန်းတိုးလာကာ ပမာဏ ဒေါ်လာ ၂.၈၂၅ ဘီလီယံ အထိရှိခဲ့သည်။ Aurangzeb သည် ပို့ကုန်တိုးတက်မှုကို မောင်းနှင်းရာတွင် ဒစ်ဂျစ်တယ်စီးပွားရေး၏ ကြီးထွားလာနေသော အခန်းကဏ္ဍကို ‌ရောင်ပြန်ဟပ်ကာ အလွတ်တမ်းစီးပွားရေးကဏ္ဍများမှလည်း ဒေါ်လာသန်း ၄၀၀ ဝန်းကျင်ရရှိခဲ့ကြောင်းမှတ်ချက်ပြုခဲ့သည်။ IT နှင့် ITes ကဏ္ဍသည် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂.၄ ဘီလီယံကို ဖန်တီးပေးနိုင်ခဲ့ပြီး ဝန်‌ဆောင်မှုလုပ်ငန်းများအားလုံး တွင်အမြင့်ဆုံးဖြစ်ပြီး ပိုမိုကျယ်ပြန့်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြားတွင် ပြင်ပကဏ္ဍကို အချိန်နှင့် တပြေးညီမြှင့်တင်ပေးလျက်ရှိသည်။ ပါကစ္စတန်၏ သွင်းကုန်များသည် အဓိကအား ဖြင့် စက်ယန္တရားများတင်သွင်းမှု ၁၆.၅ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးကိရိယာများ ၂၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းတို့ကြောင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၁၁.၇ ရာခိုင်နှုန်းသို့ ဒေါ်လာ ၄၈.၃ ဘီလီယံမြင့်တက်ခဲ့ကြောင်းသိရသည်။ စီးပွားရေးအတွက်ဝန်ဆောင်မှုကဏ္ဍ၏ ပံ့ပိုးကူညီမှုကို မြင့်တင်ရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရသည် ယခုနှစ်နှောင်းပိုင်းတွင် ဒစ်ဂျစ်တယ်ပို့ကုန် မဟာဗျူဟာအသစ်ကို ထုတ်ဖော်ပြသနိုင်ရန်လည်း မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)