ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံဦးဝင်းမြင့်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်သည်လမ်းရှိ မြို့ချစ်ကုန်စုံဆိုင်တွင် ရောင်းချနေသောအသားလုံး၊အသားချောင်း ထုတ်များအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇူလိုင်လ(၁၃)ရက်၊ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကုန်စုံဆိုင်အတွင်းရှိ အသားချောင်း၊ အသားလုံးထုတ်များများအား ကုန်အညွှန်း အမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာ ဘာသာဖြင့် ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသဖြင့် မရောင်းချရန်အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)