မကွေးမြို့၊ အခြေခံပညာအလယ်တန်း(လေ့ကျင့်ရေးသင်တန်းကျောင်း)တွင် စားသုံးသူအသိပညာပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)၊ ဦးအောင်ဖြိုးဝေ(ဒု-ဦးစီးမှူး)နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည်  (၂၂.၇.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့၊ အခြေခံပညာ အလယ်တန်း(လေ့ကျင့်ရေးသင်တန်းကျောင်း)၌ ကျောင်းကျန်းမာ‌ရေးအဖွဲ့နှင့်ပူးပေါင်း၍  စားသုံးသူ ကာကွယ်‌ပေးရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်နှင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေ-၂၀၁၉ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းမုန့်စျေးတန်းအား ကျောင်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့၊ ဆရာ/ဆရာမတို့နှင့် ပူးပေါင်းပြီး သက်တမ်း လွန်၊ မှိုတက်နှင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းများ မရောင်းချရေး ကျောင်းမုန့် စျေးသည်များအား အသိပညာပေးဆွေးနွေးပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲသို့ မကွေးမြို့၊ အခြေခံပညာအလယ်တန်း (လေ့ကျင့်‌ရေးသင်တန်းကျောင်း)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ကျောင်းသား/သူများအား ဆွေးနွေးဟောပြောခဲ့သည်များကို ပြန်လည်မေးမြန်းခဲ့ပြီး ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)