တောင်တွင်းကြီးမြို့နယ်၊ ပွဲစားကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကုန်စည်ဒိုင်အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်း

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ ကုန်စည်ဒိုင်၌  မြို့နယ်ပွဲစား စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ကုန်စည်ဒိုင်အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲကို ဇူလိုင်လ(၂၀)ရက် နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         ကုန်စည်ဒိုင် အလုပ်အမှုဆောင်အသစ်ရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သက်နိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်အိအိကြွယ်နှင့် ကုန်သည်/ပွဲစား/စက်ပိုင် (၃၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ပွဲစား၊ ကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များမှ တစ်ဦးချင်းမိတ်ဆက်စကားများပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံဒေါ်ဌေးဌေး(ဒု-ဦးစီးမှူး)က မကွေးတိုင်းဒေသကြီး၊ စီမံစီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၏ လမ်းညွှန်ချက်နှင့်အညီ အလုပ်အမှုဆောင်(၂၅)ဦးဖြင့် ရွေးချယ်ဖွဲ့စည်းရမည်ဖြစ်သကဲ့သို့ အသင်းကျစ်လစ်ခိုင်မာတောင့်တင်းမှသာလျှင် ဒေသတွင်းရောင်းဝယ် ဖောက်ကားမှု၊ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဆီစက်၊ ဝါစက်၊ ဆန်စက်လုပ်ငန်းနှင့် ပွဲရုံ လုပ်ငန်းရှင်များမှ ကုန်စည်ဒိုင်ဥက္ကဌအဖြစ် ဦးမောင်ချို၊ အတွင်းရေးမှူးအဖြစ် ဦးစိုးမြင့်နိုင်တို့ပါဝင်သော အလုပ်အမှုဆောင်(၂၅)ဦးတို့ကို အများဆန္ဒနှင့်အညီ အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)