တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များနှင့် သောက်ရေသန့် လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍  ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များနှင့် သောက်ရေသန့်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ဆေးဝါးအရောင်းဆိုင်ရှင်များအား သက်တမ်းလွန်ဆေးပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသော ဆေးပစ္စည်းများကိုရောင်းချခြင်း မပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသော ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ သောက်ရေသန့်လုပ်ငန်းရှင်များအား သက်ဆိုင်ရာလုပ်ငန်း လိုင်စင်များအား ပြုလုပ်/သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ လုပ်သားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေး ခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)