ကံမမြို့၌ အစားအသောက်ရောင်းချသည့်ဆိုင်များအား ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၁-၆-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၄) ရပ်ကွက်ရှိ အစားအသောက် ရောင်းချသည့် လက်ဖက်ရည်ဆိုင်(၂)ဆိုင်သို့ သွားရောက်၍  ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းသည် အစားအသောက် ရောင်းချသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်များအား အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တကိုယ်ရည် သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိစေရန်၊ မိမိတို့ စားသောက်ဆိုင်များမှ ပေးအပ်သော ဝန်ဆောင်မှုများနှင့်စပ်လျဥ်း၍ စားသုံးသူ များအား လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူမသုံးစွဲခင် ကြိုတင်အသိပေး ဖော်ပြထားရန်၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခငွေများ မည်မျှကောက်ခံသွားမည်ဖြစ်ကြောင်းကို ကြိုတင်အသိပေးဖော်ပြသွားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ(၂၆/၂၇)တွင် ပါရှိသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းအကြောင်းအရာများအား အသေးစိတ် ရှင်းလင်းပြောကြားပြီး ဥပဒေလက်ကမ်းစာစောင်များအား စားသောက်ဆိုင်ပိုင်ရှင်များထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)