သနပ္ပင်မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

               ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ သနပ္ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေ၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့သည် ၂၁.၇.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သနပ္ပင်မြို့နယ်သို့ သွားရောက်၍ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သနပ္ပင်စည်ပင်သာယာဈေးမှ တာဝန်ရှိသူများ နှင့်ပူးပေါင်းပြီး သနပ္ပင်မြို့မစည်ပင် သာယာဈေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်း အမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်း စာဆောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)