သနပ္ပင်မြို့နယ်အတွင်း ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ သနပ္ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေ၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့သည် ၂၁.၇.၂၀၂၂ ရက်နေ့၊ နေ့လည်(၁၄ :၀၀)နာရီအချိန်တွင် သနပ္ပင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ သနပ္ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ သနပ္ပင်မြို့နယ်အတွင်း‌ ရောင်းချလျှက်ရှိသော ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရန်၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရန် ရည်ရွယ်၍  လက်ရှိရောင်းချလျှက်ရှိသော ပြည်သူလူထုအသုံးများသည့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအတက်အကျ ရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ အခြေအနေများကို ကွင်းဆင်း လေ့လာစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)