ကဝမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

               ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊   စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်းတို့သည် ၂၀.၇.၂၀၂၂ ရက်နေ့၊ နေ့လယ် (၁၂ : ၃၀)နာရီအချိန်တွင် ကဝမြို့နယ်သို့ သွားရောက်၍ ကဝမြို့နယ် စည်ပင် သာယာဈေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့ရောင်းချလျှက်ရှိသော စားသုံးဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)