ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည်  ၂၀.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့နှင့်အတူ ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်စွာရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ဆီသယ် Bowser ယာဉ်များ အချိန်မီရောက်ရှိခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာ စက်သုံးဆီ ဆိုင်မန်နေဂျာများက ရှင်းလင်း တင်ပြခဲ့ပြီး  ပဲခူးဒုခရိုင်ဦးစီးမှူးက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှု ပေးရေး တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)