ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည်  ၂၀.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း တို့နှင့်အတူ ကဝမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လက်ရှိဖြစ်ပေါ်နေသော  ဓါတ်မြေဩဇာ ဈေးနှုန်းများ၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

              ထို့သို့ လေ့လာစုံစမ်းရာတွင်  တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် သီးနှံများအပေါ် မူတည်၍ သင့်တင့်လျောက်ပတ်သော ဓါတ်မြေဩဇာများကို ဝယ်ယူသုံးစွဲလျှက် ရှိပါကြောင်း၊ ဈေးနှုန်းများ အနေဖြင့် ယခင်နှစ်ကထက် ယခုနှစ်တွင် အနည်းငယ်မြင့်တက်လျှက်ရှိပါကြောင်း၊ မိမိတို့ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များအနေဖြင့်လည်း တောင်သူများ သွင်းအားစု ကုန်ကျစရိတ်ခက်အခဲများ လျှော့နည်းစေရန် သီးနှံပေါ်ချိန် ငွေခြေစနစ်ဖြင့်ပါ ရောင်းချပေးလျှက် ရှိပါကြောင်း၊  စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာများ မှာယူရာတွင်လည်း အခက်အခဲမရှိဘဲ ပစ္စည်း ပြတ်လပ်မှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)