ဖြူးမြို့ ပြန်/ဆက်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် စာအုပ်စာပေပြပွဲသို့ တက်ရောက်လာသော အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

        မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ ရေးရာ ဆောင်ရွက်ချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို လည်းကောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိ ကိုလည်းကောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ များကို လည်းကောင်း ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ဖြူးမြို့ စာရေးလမ်း အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)