ပဲခူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ် သည် ၂၂.၇.၂၀၂၂ ရက်နေ့၊ နံနက်(၀၈ : ၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်း တို့နှင့်အတူ ပဲခူးမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းဆိုင်များသို့ သွားရောက်ခဲ့ပြီး   ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်၊ သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ လက်ရှိရောင်းချလျှက်ရှိသော ပြည်သူလူထုအသုံးများသည့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်း အတက်/အကျ ရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ အခြေအနေများကို ကွင်းဆင်း လေ့လာစစ်ဆေးခဲ့ပါသည်။     

              ထိုသို့ ကွင်းဆင်းလေ့လာရာတွင် လက်ရှိကာလတွင် Covid-19 ကူးစက်ရောဂါနှင့် ပြည်သူလူထု အသုံးများသည့် သာမန်ဖျားနာကိုက်ခဲသုံး ဆေးနှင့်ဆေးပစ္စည်းများအနေဖြင့် ဈေးနှုန်း အတက်/အကျနှင့် ပစ္စည်းပြတ်လပ်မှု မရှိပါကြောင်း၊ နာတာရှည်ရောဂါဝေဒနာသည်များ သုံးစွဲသည့် သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါသုံး ဆေးနှင့်ဆေးပစ္စည်းများအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ပေးလျှက်ရှိသည့် ရန်ကုန်မြို့မှ အချို့ဆေးဝါးကုမ္ပဏီများအနေဖြင့် လတ်တလောတွင် ရောင်းချဖြန့်ဖြူးမှုကို ယာယီပိတ်ထားသဖြင့် ဝယ်ယူ သုံးစွဲသူများအနေဖြင့် အကန့်အသတ်ဖြင့်သာ မျှဝေသုံးစွဲနေရပြီး အဆိုပါဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးသည့် ကုမ္ပဏီများမှ ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးမှသာ ဆေးဝါးများ လုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ပြီး ပုံမှန်ဈေးနှုန်းအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)