စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၏ လှုပ်ရှားမှုပုံရိပ်များ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦး စီးမှူးရုံးအနေဖြင့် (၁၆.၆.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်ဦးဆောင်သော အရာထမ်း(၂)ဦးနှင့် အမှုထမ်း(၇)ဦး စုစုပေါင်းဝန်ထမ်း(၉)ဦးတို့သည် ခရိုင်ရုံးအတွင်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခြင်းများဆောင်ရွက်ခဲ့ကြောင်း၊  အဆိုပါ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခြင်းများကို အပတ်စဉ် တနင်္လာနေ့နံနက်၊ သောကြာနေ့ညနေခင်းတို့တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကိုလည်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)