တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌနှင့် ခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်လ(၂၂)ရက် နံနက်(၉:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Zoom Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၊ ဥက္ကဌ ၊ အဖွဲ့ဝင်များ ၊ တွဲဖက်အတွင်း‌ရေးမှူးများနှင့် ခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့ဝင်များ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်‌ရေး အစီအစဉ်များ၊  ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း ၊ ခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသော မူဝါဒများနှင့်အညီ လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက်  ဆွေးနွေးခဲ့ကြပါသည်။

          ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် စိုက်ပျိုးရေး ဆေးပစ္စည်း၊ စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်းအား တန်ဖိုးကျပ်(၉၄၄၇၄၀၆၀)ကိုလည်းကောင်း၊ ဖေဖော်ဝါရီလတွင် အင်ဂျင် ဝိုင်ဖာ ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား တန်ဖိုးကျပ် (၆၄၃၀၂၄၃၄)ကိုလည်းကောင်း၊ မတ်လတွင် မော်တော်ယာဉ်နှင့် စားသောက်ကုန်များအား တန်ဖိုးကျပ်(၂၂၁၅၂၈၇၇၇)ကိုလည်းကောင်း၊ ဧပြီလတွင် မော်တော်ယာဉ်နှင့် စားသောက်ကုန်များအား တန်ဖိုးကျပ် (၁၂၆၁၃၃၀၈၄) ကိုလည်းကောင်း ၊ မေလတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊ မော်တော်ယာဉ် (၃)စီးနှင့် လိုင်စင်မဲ့ယာဉ် (၁၁)စီးအား တန်ဖိုးကျပ် (၁၆၃၈၇၃၀၈၉) ကိုလည်းကောင်း ၊ ဇွန်လတွင် ယာဉ် ၊ မော်တော်ယာဉ် နှင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းနှင့် လိုင်စင်မဲ့ ယာဉ်(၁)စီးအား တန်ဖိုးကျပ် (၄၄၁၉၅၉၅၇၂) ကိုလည်းကောင်း ၊ ဇူလိုင်လတွင် ယာဉ် ၊ မော်တော်ယာဉ် နှင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းနှင့် လိုင်စင်မဲ့ ယာဉ်(၈)စီးအား တန်ဖိုးကျပ် (၁၁၃၀၇၇၉၄၄၈) ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)