တောင်ငူမြို့နယ်အတွင်း လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်ရေး ချောင်းများနှင့်ရေနုတ်မြောင်းများ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့်အတူ  ဇူလိုင်လ ၁၇ ရက်နေ့က ဆည်မြောင်းနှင့်ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာနက ကဒတ်မြောင်းချောင်းတူးဖော် ထိန်းသိမ်းခြင်းလုပ်ငန်းကို ကြည့်ရှုလေ့လာခဲ့ပါသည်။

              ဆည်မြောင်းနှင့်ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ (ဆည်မြောင်း/ ထိန်းသိမ်း ရေး) ဦးသောင်းတင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ပုံငွေဖြင့် ကဒတ်မြောင်းချောင်းတူးဖော်ခြင်း၊ ပသိချောင်းတူးဖော်ခြင်း၊ ချောင်းဖြူချောင်း တူးဖော်ခြင်းနှင့် အင်းပက်လက် ရေနုတ်မြောင်းတူးဖော်ခြင်းများ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပါသည်။

              ကဒတ်မြောင်းချောင်းရေနုတ်မြောင်း တူးဖော်ခြင်းကြောင့် စပါးစိုက်ဧက ၁၀၀၀၊ ပသိချောင်း တူးဖော်ခြင်းကြောင့် စပါးစိုက်ဧက ၂၀၀၊ ချောင်းဖြူချောင်းတူးဖော်ခြင်းကြောင့် စပါးစိုက်ဧက ၄၀၀ နှင့် အင်းပက်လက်ရေနုတ်မြောင်း တူးဖော်ခြင်းကြောင့် စပါးစိုက်ဧက ၈၀၀ တို့ကို ရေကြီးရေနစ်မြှုပ်ခြင်းမှ ကာကွယ်ပေးပြီး မိုးစပါးများအောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)