၂၀၂၅ ခုနှစ်၏ ပထမ ၄ လတွင်ကမ္ဘောဒီးယား၏ အဝတ်အထည်၊ ဖိနပ်၊ ခရီးသွား အသုံးအဆောင်နှင့် လက်ကိုင်အိတ်များတင်ပို့မှု ၂၂ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

        ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ကမ္ဘောဒီးယား၏ အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်နှင့် လက်ကိုင်အိတ်များတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၁.၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း အလုပ်သမားနှင့် လုပ်သားထု လေ့ကျင့်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Sun Mesa က ဇွန်လ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား သည် အမေရိကန်သို့တင်ပို့မှု( ၂၆.၇ ရာခိုင်နှုန်းမြင့်တက်)၊ ဂျပန်သို့တင်ပို့မှု ( ၂၁.၈ ရာခိုင်နှုန်း မြင့်တက်)၊ ဥရောပသို့တင်ပို့မှု ( ၂၁.၇ ရာခိုင်နှုန်းမြင့်တက်)၊ အာဆီယံသို့တင်ပို့မှု( ၁၉.၁ ရာခိုင်နှုန်းမြင့်တက်)နှင့် ယူကေသို့တင်ပို့မှု (၁၁.၄ ရာခိုင်နှုန်းမြင့်တက်) တို့ပါဝင်သော အဓိက နိုင်ငံတကာဈေးကွက်များသို့တင်ပို့မှု အားကောင်းစွာကြီးထွားခဲ့ကြောင်း သိရပါသည်။ Mesa က ၎င်းသည်  နိုင်ငံနှင့် အသိုက်အဝန်းသိသာထင်ရှားစွာအောင်မြင်မှုရရှိစေရန်အတွက်  တော်ဝင် အစိုးရနှင့် အလုပ်သမားဝန်ကြီးဌာနတို့နှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အလုပ်သမားများအားလုံးအား ဂုဏ်ပြုကြောင်းပြောကြားခဲ့ပါသည်။ Mesa ၏အဆိုအရ လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်ရှိ  ၂၀ လတာကာလအတွင်း စက်ရုံနှင့်လုပ်ငန်းအရေအတွက်သည် ၄၀၃၀၀ မှ ၄၅၃၈၆ ထိ မြင့်တက်ခဲ့ပြီး လုပ်သားထုအရေအတွက်သည်လည်း ၁၆၅၀၀၀၀ မှ ၁၈၇၀၀၀၀ ထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဝတ်အထည်ကဏ္ဍတွင် လုပ်သား ၉၇၀၀၀၀ ပတ်လည်နှင့် စက်ရုံပေါင်း ၁၆၅၇ ခုပါဝင်ကြောင်း သိရပါသည်။

Khmer Times                                               

DOCA (ရန်ကုန်)