မွန်ဂိုလီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည်မေလအတွင်း ၈.၃ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

     စားသုံးသူစျေးနှုန်းအညွန်းကိန်းဖြင့် တိုင်းတာသော မွန်ဂိုလီးယားနိုင်ငံ၏ ‌‌ငွေကြေးဖောင်းပွမှုသည် မေလတွင် ၈.၃ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO) ကို ကိုးကား၍ ဇွန်လ ၁၃ ရက်နေ့က ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

     ငွေကြေးဖောင်းပွမှုနှေးကွေးလာခြင်းသည် အသားနှင့် ဂျုံမှုန့်ကဲ့သို့သော စားသောက်ကုန်များ အပါအဝင် တင်သွင်းသည့်ကုန်ပစ္စည်းများအတွက် စျေးနှုန်းနိမ့်ကျခြင်းကြောင့်ဖြစ်သည်ဟု NSO က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    မွန်ဂိုလီးယားဗဟိုဘဏ်သည် ကာလလတ်ကာလအတွင်းမတ်ခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍတည်ငြိမ်မှုကိုပံ့ပိုးရန်အတွက် ၂၀၂၇ ခုနှစ်မှ ၅ ရာခိုင်နှုန်းအကွာအဝေးအတွင်း ငွေကြေးဖောင်းပွမှုနှုန်းကို ရည်မှန်းထားကြောင်းသိရသည်။

Source: Xinhua                                                                              DOCA(ရန်ကုန်)