
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းဂူဂျာရတ်တွင် ကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအမေရိကန်ဒေါ်လာ ၁၀၉.၉၇ သန်းကို ပြည်နယ်၏ လုပ်သား အင်အားနှင့် စက်မှုလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ဇွန်လ ၁၃ ရက်နေ့က အတည်ပြုခဲ့သည်။ ဂူဂျာရတ် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် အဆင့်မြင့် စက်မှုနှင့် လိုက်လျောညီထွေရှိသော သင်တန်းများသို့ ဝင်ရောက်ခွင့် နှင့် Kaushalya- ကျွမ်းကျင် တက္ကသိုလ် (KSU) ကွန်ရက်၏ စွမ်းရည်မြှင့်တင်ခြင်းဖြင့် တိုးတက် မှုမြင့်မားသော ကဏ္ဍများတွင် လေ့ကျင့်ရေးအားကောင်းစေရန်ရည်ရွယ်ခြင်းဖြစ်သည်။ အစီအစဉ်တွင် ဦးစားပေးကဏ္ဍနှစ်ခု ဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေး၊ မော်တော်ကား၊ ထုတ်လုပ်မှု၊ သတင်းအချက်အလက်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကျန်မာရေး စောင့်ရှောက်မှုနှင့် စိုက်ပျိုးရေးနည်းပညာတို့ကို အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။ စီစဉ်ဆောင်ရွက်ချက်များတွင် စက်မှုလေ့ကျင့်ရေးအင်စတီကျူ့ ၁၁ ခုကို အဆင့်မြှင့်တင်ခြင်း၊ စင်တာများတည်ဆောက်ခြင်းနှင့် KSU ဦးဆောင်သော hub-and-spoke ပုံစံဖြင့် ပုဂ္ဂလိကသင်တန်းပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်သည်။ အိန္ဒိယနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ချို့တဲ့သူလူဦးရေပေါင်း ၁၇၅၀၀၀ အား လေ့ကျင့်သင်ကြားရန်၊ အနည်းဆုံး ကျောင်းသား ၆၀၀၀၀ ခန့်အား အဆင့်မြင့်ကျွမ်းကျင်မှုဖြင့် ဘွဲ့ရရှိစေရန်နှင့် အင်ဂျင်နီယာ ဘာသာရပ်တွင် အမျိုးသမီးများစာရင်းသွင်းမှုကို ပိုမိုမြှင့်တင်ရန်ရည်မှန်းထားကြောင်း သိရသည်။
Source: Xinhua
DOCA(ရန်ကုန်)