သက်သာသောဈေးနှုန်းဖြင့် မအူပင်မြို့နယ်တွင် ဆန်၊ ဆီ၊ ကြက်ဥများ  နေ့စဉ် ရောင်းချလျက်ရှိ

Powered by Drupal

      ၁၃-၆-၂၀၂၅ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်တိကု တို့ပူးပေါင်း၍ ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် မြို့နယ်အရံမီးသပ်တပ်ဖွဲ့ရုံးရှေ့တွင် နေ့စဉ် ရောင်းချပေးခဲ့သည်။

     ရောင်းချရာတွင် ဆန်(၁၅)အိတ် တစ်ပြည်(၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာ(၆၆၈၀) ကျပ်ပိဿာ(၂၀၀)၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်အလုံး(၅၀၀၀)အား ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချမှုကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)